"အဖတ်ဆယ်မရ အရပ်ကယ်မရဖြစ်လိမ့်မယ်" ______________________________ အခုလေးတင် လိုင်းပေါ်တက်လာတဲ့ဗီဒီယိုဖိုင်တစ် ခုကိုကြည့်လိုက်ရတယ်။ ခရမ်းမြို့ ရွှေလှေကျေးရွာ လို့တော့ပြောတာပဲ။ နေရာတော့ တိတိကျကျ မသိ သေးဘူး။ တွေ့ရမြင်ရတာကတော့ အတော့်ကိုစည်းပျက်ကမ်း ပျက်၊ ရုပ်ပျက်ဆင်းပျက်နိုင်လွန်းလှတယ်။ ပါတီဝင် လိုလို ကျောင်းအထောက်အကူပြုကော်မတီဝင်လို လိုလူတစ်စုက ကျောင်းသားမိဘဆိုသူတွေကိုခေါ် လာပြီး ကျောင်းမှာလာရမ်းကားနေတဲ့ဖိုင်ဖြစ်တယ်။ ဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးအုပ်ချုပ်ပုံကိုမ ကြိုက်ရင် သက်ဆိုင်ရာဌာနကို တိုင်ကြားနိုင်တယ်။ အခုဟာက အဲဒီလိုမဟုတ်ဘဲ မင်းမဲ့တိုင်းပြည်လိုလူ တစ်စုကနေ လာမိုက်ကြေးခွဲတဲ့ပုံဖြစ်နေတယ်။ ပုံမှာပါတဲ့သူက ဆရာ/ဆရာမတွေကို ခင်ဗျားတို့တ တွေ၊ ခင်ဗျားတို့တတွေနဲ့ လက်ညှိုးထိုးစကားပြော ဆိုနေတာဟာ အတော်မိုက်ရိုင်းတဲ့အပြင် ပညာရေး ဌာနရဲ့ ဌာနဂုဏ်သိက္ခာတစ်ပြားမှမရှိတော့ဘဲ ဟိုး အောင်ခြေနင်းဖတ်အထိ လျှောကျသွားတဲ့ပုံစံထွက် နေတယ်။ အဲဒီ ပရမ်းပတာ အမူအယာနဲ့လူဟာ ကျောင်းအုပ် ဆရာမကြီးကိုလက်ညှိုးထိုးပြီး " ဆရာမစိတ်ထဲမှာ အရင်လိုပုံစံမျိုး လုံးဝမတွက်ထားပါနဲ့" ဆိုပြီး စော် ကားပြော ဆိုထားတာဟာလည်း အလွန်အသည်း ယားစရာပါ။ "ခင်ဗျား အကြီးအကဲက ခင်ဗျားကိုမဆုံးမရင် ကျွန် တော်ပြည်သူနဲ့အတူ ဆုံးမမယ် ဒါပဲ" ဆိုပြီး မိုက်ရိုင်း စော်ကားနေတဲ့ပုံကြည့်ရတာ "ပြည်သူ့အတွက် တပ် မတော်" ဇာတ်ကားထဲက ကွန်မြူနစ်ဗိုလ် ဗိုလ်လေး အောင်က ရွာကကျောင်းဆရာကို လာစွပ်စွဲနေတဲ့ပုံစံ နဲ့ တထေရာတည်းပါပဲ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ စိတ်ပျက်ရွံရှာဖို့ကောင်းလိုက်တာ။ နိုင်ငံတော်အစိုးရက တရားဝင် ခန့်အပ်ထားတဲ့ပညာ ရေးဝန်ထမ်းတွေကို အခုလို လူတစ်စုကလူစုပြီး ဖာ တန်းမှာပုန်းနေတဲ့ ဝရမ်းပြေးကို ရဲဝင်ဖမ်းသလို ဝရုန်း သုန်းကား လုပ်ချင်သလို လုပ်လို့ရသလား။ မကျေနပ်ရင် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးဆီကို စာတင်လေ။ စာတင်လို့မထူးခြားရင် အဲဒီပညာရေးမှူး ဆီမှာ ဆန္ဒပြလေ။ ဘာလဲ ပြည်သူနဲ့အရေးယူမယ်။ ဘာစကားလဲ။ မသိ နားမလည် ပညာနည်းတဲ့ပြည်သူကို လူရမ်းကားတစ် စုက မြှောက်ထိုးပင့်ကော် လုပ်ပေးပြီး အတင်းဆွဲခေါ် လာပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ... အန်တီ့ပါတီကလူ တွေ၊ ဒါမှမဟုတ် အန်တီ့ပါတီအားကိုးနဲ့ လူရမ်းကား တွေ တိုင်းပြည်မှာ ပါလီမန်ဒီမိုကရေစီခေတ်ကကွန်မြူ နစ်တွေလို သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကြ ပါပြီ။ ကြည့်ကျက်လည်း လုပ်ကြပါဦး။ ဒေါ်စု၊ ဦးဝင်းမြင့် အမြန်ဆုံးပြင်ဆင်ဖို့ကြိုးစားပါ။ ခင်ဗျားတို့ပြောတော့ ညွန့်ပေါင်းအစိုးရမဖွဲ့ချင်ဘူးဟုတ် လား။ တိုင်းပြည်တစ်ဝန်းမှာ NLD ကိုလူတွေ ဘယ်လို မြင်နေကြတယ်ဆိုတာကို စေ့စေ့ငုငု လိုက်ပြီးလေ့လာ ကြည့်ပါဦး။ ချောင်းဆုံတံတားလို မျက်စိမှိတ်ပြီး ကိုယ့်ပါတီဝင်ထဲက ဘောင်းတော်ငြိမ့်စိတ်တော်သိတွေပြောသမျှ ဖားသမျှအ ကုန်ယုံနေမယ်ဆိုရင်တော့ငါးပါးမကသံဃာစင်ပါမှောက် ပါလိမ့်မယ်။ ရဲကျော်သူရ